ပဲခူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အင်းဝင်ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊ ပုဏ္ဍားစုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(ဖောင်တော်ဦး)ကျောင်းများသို့ သွားရောက် ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံး ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ(၁၂)နေ့၊ မွန်းလွဲပိုင်းမှ စ၍ ပဲခူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(၃)ခု၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ခု နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(၃)ခု၊ စုစုပေါင်းအခြေခံပညာစာသင်ကျောင်း(၁၀)ခုအတွက် ကျောင်းသုံး ဗလာ စာအုပ်ဒါဇင်(၁၃၀၀)အား အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။