Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၄

===========

         ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်ဘောလုံးအားကစားကွင်း၌ စက်တင်ဘာလ(၁၃)ရက်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၀၂၂ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

         ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ ကြည့်ရှု့အားပေးကြရာ ပဲခူးခရိုင် အသင်းမှ(၅:၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

         ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက် အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစား သမားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆုနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား အစိုးရအဖွဲ့တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့်ငွေသားဆု(၁)သိန်းကျပ်စီအား ပေးအပ် ချီးမြှင့်ကြသည်။

       ယင်းနောက် ပူးတွဲ(တတိယ)ဆုရရှိသော နတ္တလင်းခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် စီးပွားရေးရာဝန်ကြီးဦးတင်ဦးတို့မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်စီကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်လေးပင် ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၀၂၂ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ အသင်း(၆)သင်းတို့က အုပ်စုပတ်လည်အဖြစ် ပြည်မြို့၊ ဘောလုံးအားကစားကွင်း၊ ပဲခူးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း ဘောလုံးအားကစားကွင်းနှင့် ပဲခူးခရိုင်ဘောလုံး အားကစားကွင်းများတွင် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။