Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ၂၈

===========

         ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ စက်တင်ဘာလ (၂၈)ရက်နေ့ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှု့အားပေးခဲ့ကြသည်။

      ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသမီး၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့ တာဝန်ရှိသူများမှ ဆုတံဆိပ်များနှင့် ငွေသားဆု များအား ပေးအပ်ချီးမြှင့်ကြသည်။

       ယင်းနောက် သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှ အမျိုးသမီးတတိယ တံခွန်စိုက်ဆု ရရှိသော ဒိုက်ဦးမြို့နယ်အသင်းအား ငွေသားဆုကျပ်(၃)သိန်း၊ ဒုတိယတံခွန်စိုက်ဆုရရှိသော ရွှေတောင်မြို့နယ် အသင်းအား ငွေသားဆု(၅)သိန်း၊ ပထမတံခွန်စိုက်ဆုရရှိသော ဖြူးမြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလား နှင့် ငွေသားဆုကျပ်(၇)သိန်းအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ အမျိုးသား တတိယ တံခွန်စိုက်ဆု ရရှိသော သဲကုန်းမြို့နယ် အသင်းအား ငွေသားဆုကျပ်(၃)သိန်း၊ ဒုတိယတံခွန်စိုက်ဆုရရှိသော ပြည်မြို့နယ်အသင်းအား ငွေသားဆု(၅) သိန်း၊ ပထမတံခွန်စိုက်ဆုရရှိသော ဖြူးမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၇)သိန်း အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသား/ အမျိုးသမီး စုပေါင်း တံခွန်စိုက်ဆုရရှိသော ဖြူးမြို့နယ်အသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်းသိရရသည်။

        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၀၂၂ခုနှစ် (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၂၈)မြို့နယ်မှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း(၃၃၆)ဦးတို့က ပဲခူးခရိုင်အား ကစားကွင်း၌ စက်တင်ဘာလ(၂၇)ရက်နေ့မှ (၂၈) ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။