Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၌ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၌ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် ဇန်နဝါရီ ၁၆
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား ဇန်နဝါရီလ(၁၅) ရက်နေ့ ညနေပိုင်းက ပြည်မြို့၊ ခေတ္တရာယဉ်ကျေးမှုရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်မြို့၊ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ပြသထားသည့် စားသုံးကုန်၊ လူသုံးကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များနှင့် ဒေသထွက် စက်မှု/လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်း များကို အသုံးပြု၍ တန်ဖိုးမြှင့်ကုန်ချောပစ္စည်းထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်မြို့၌ ကျင်းပပြုလုပ်သည့် MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)မှ ဒေသထွက်ကုန်ပြပွဲ အခမ်းအနား(၃၅)ခန်း၊ ပစ္စည်းအမျိုးအစား(၂၀၀)ကျော် ထည့်သွင်း ပြသထားပြီး ဈေးဝယ်သူများ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရှိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၁၆)ရက်နေ့၊ ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ MSMEs ဒေသထုတ်ကုန်များ ပြန်လည် အဆင့်မြှင့်တင်နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့မှု ယှဉ်ပြိုင်နိုင်ရေး Talk Show စကားဝိုင်းသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသကုန်ကြမ်းအသုံးပြုသော ထုတ်လုပ်မှုလုပ်ငန်းများ၊ တီထွင်ဆန်းသစ်မှုရှိသော ထုတ်လုပ်မှုလုပ်ငန်းများ၊ သွင်းကုန်အစားထိုး ထုတ်ကုန်လုပ်ငန်းများနှင့် ပို့ကုန်ဦးစားပေး ထုတ်ကုန် လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီသောထုတ်ပိုးမှုစနစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဒေသတွင်း MSMEs စီးပွား ရေးလုပ်ငန်းရှင်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးမည့် Package Mechine စက်မျိုးစုံအား လှည့်လည်ကြည့်ရှုခဲ့ပြီး MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေး Package Mechine စက်များ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးနှင့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ တာဝန်ရှိသူ များနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။