Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၁

          ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ထံမှ ပေးပို့သည့် (၆၂)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲသီချင်းနှင့် ဇာတိမာန်”သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

         ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်ရရှိသည့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှှူး ရဲမှူးကြီး တင်မျိုးထူး၊ သင်တန်းထူးချွန်ဆုရ ဒုတိယရဲမှူး မျိုးဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထူးချွန်စွာပူးပေါင်းဆောင်ရွက်ခဲ့သူ ပြည်သူ(၂)ဦးတို့အား ဂုဏ်ပြု လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က  ရဲတပ်ဖွဲ့၏ သင်တန်းများ၌ ရဲကျင့်ဝတ်ဆု၊ ကွန်ပျူတာထူးချွန်ဆု၊ အကောင်းဆုံးသင်တန်းသားဆုရရှိသူများ အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့က ထူးချွန်စွာလုံခြုံရေးဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆု များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ထို့နောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး‌ ဒေါ်စိုးစိုးသက်တို့က သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ အထိမ်းအမှတ် ပြခန်းများနှင့် မှုခင်းအသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။