ပဲခူး အောက်တိုဘာ ၂၅

စားရေရိက္ခာဖူလုံရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ပေါများစေရန် ရည်ရွယ်၍ သဘာဝ ရေပြင်အတွင်းသို့ သဘာဝတိုင်းရင်းငါးများ စိုက်ထည့်ခြင်းအခမ်းအနားအား အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက မိုးယွန်းကြီး အင်း(ဘေးမဲ့တော) သဘာဝရေပြင်အတွင်းသို့ ဒေသ ငါးမျိုးများဖြစ်သော ငါးမြစ်ချင်းကောင်ရေ(၄၅၀၀၀)၊ ငါးခုံးမကြီးကောင်ရေ(၂၀၀၀၀)၊ ငါးဖမ်းမ ကောင်ရေ (၅၀၀၀၀)၊ ငါးခူကောင်ရေ(၁၀၀၀၀)၊ ငါးရံ့ကောင် ရေ(၁၀၀၀၀)၊ ငါးပြေမကောင်ရေ(၁၀၀၀၀) ငါးကျဉ်းကောင်ရေ(၅၀၀၀) စုစုပေါင်း သဘာဝငါးကောင်ရေ (၁၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝမြန်မာ့တိုင်းရင်းငါးမျိုးများ ပြုန်းတီးပျောက်ကွယ်မှုမရှိစေရေး အတွက် မြန်မာ့တိုင်းရင်းငါးမျိုးများအား သက်ဆိုင်ရာငါးမွေးမြူရေးစခန်းအလိုက် သဘာဝအတိုင်း သားဖောက်ခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် ငါးမျိုးစိုက်ထည့်ခြင်းအပြင် ဘထ္ထရီရှော့တိုက် ငါးဖမ်းခြင်း အား ဖမ်းဆီးအရေးယူခြင်းများဆောင်ရွက်လျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ငါးမျိုးစိုက်ထည့် ခြင်း(၂၉)ကြိမ်၊ ငါးသားပေါက်ကောင်ရေ(၄၈.၄၂)သိန်းနှင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင်များသို့ ရောင်းချ ပေးသည့် ငါးသားပေါက်ကောင်ရေ(၆၃.၃၉၃)သိန်းရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website