Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၆

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက် ပါလျက် ဖေဖော်ဝါရီလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အလယ်ကျေးရွာအနီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်(၈.၅)သန်းဖြင့် ရိုးပိတ်မြေသားတမံ(၃)ခုပြုလုပ်၍ နွေစပါး(၁၅၀)ဧက တိုးချဲ့ စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သွင်း အားစုများ အချိန်မီရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ဖြင့် စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ခေတ်မီကလေးကစားကွင်းတစ်ခုနှင့် ဆရာ/ဆရာမများ အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ အဆိုပါကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက် ကျောင်း၊ (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး၊ ကျောင်းဝန်းအတွင်း ရေဝပ်မှုမရှိစေရေး ရေမြောင်းဖော်ထုတ်ခြင်း၊ မြေဖို့ခြင်းများ ဆောင် ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ ဇွဲဘာကျေးရွာရှိ ဦးခင်ဦး၏ ပဲတီစိမ်း(၂၀)ဧက ခူးဆွတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်း နွေစပါးစိုက်ပျိုးနိုင်ရေး ရေရရှိနိုင်မည့် နည်းလမ်းများအား တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကဝမြို့၊ (၁)ရပ်ကွက်အတွင်း ဆိုလာရေတင်စနစ်ဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆားငန်ခံနွေစပါး (၁၅၀)ဧကစိုက်ပျိုးထားရှိမှုနှင့် ထုံးကြီးကျေးရွာ တစ်ကွင်းတစ်ဆက်တည်း နွေစပါး(၁၈၇)ဧက စိုက်ပျိုးထား ရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် အထွက်နှုန်းကောင်း၊ ရက်တိုပြီး မျိုးတူစပါးများ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးရန်နှင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ပေါင်းသတ်ဆေးများ၊ မှိုသတ် ဆေးများ၊ ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကဝ-ရှမ်းကန်-သပြုလမ်း အကျယ်(၁၈)ပေ၊ အရှည်(၅)ဖာလုံ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းပုခုံးသားများ အမာခံရရှိရေး ဆောင်ရွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကဝမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး ဒေသထွက် သံနှင့်ဒါန်သတ္တု အရည်ကျိုလုပ်ငန်း နည်းပညာဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ သံနှင့်ဒါန်သတ္တု အရည်ကျို လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းပစ္စည်းရရှိရေး၊ လုပ်ငန်းသုံးမီတာရရှိရေးနှင့် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပင်းပတ်သံမဏိစက်ရုံမှ ဒုတိယစက်ရုံမှူး ဦးစိုင်းကျော်ကျော်အောင်ဦးစီးသည့် သင်တန်း နည်းပြများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။