Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့

ပြည် ဖေဖော်ဝါရီ ၂၅

=============

          ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါ လျက် ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက  ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဂန္ဓမာစက်မှုဇုန်ရှိ ပတ္တမြားအမှုန့်ကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်မှုရှိ စေရေး၊ ဓာတုဆေးဝါးများကင်းစင်စေရေး၊ စီးပွားရေးသံမှူးများနှင့်ချိတ်ဆက်၍ ပြည်ပဈေးကွက်ရရှိစေရေး၊ လျှပ်စစ်မီးမှန်ကန်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ခေတ္တရာပြည်သူ့ခန်းမ ပြန်လည်အဆင့်မြှင့် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် QC အဖွဲ့မှ လုပ်ငန်းတစ်ခုချင်းအလိုက် စနစ်တကျကြီးကြပ်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်းမြို့၊ ရွှေကျွန်းတောကြိုးဝိုင်းသို့ ရောက်ရှိခဲ့ ရာ ရှင်းလင်းဆောင်၌ ခရိုင်သစ်တောဦးစီးဌာနမှူးက ကျွန်းတောစိုက်ခင်း တည်ထောင်ထားရှိမှုဖြင့် ကျွန်း မျိုးစေ့များ ဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သစ်တောကြိုးဝိုင်းများသည် ရာသီဥတုနှင့် သဘာဝဂေဟစနစ် ကောင်းမွန်စေရေးအတွက် အလွန်အကျိုးရှိ သဖြင့် သစ်တောကြိုးဝိုင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ရန်၊ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ တရားမဝင် သစ်ခိုးထုတ်မှု မရှိစေရေးနှင့် တရားမဝင် လွှဝိုင်း အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ မျိုးစေ့သန့်စင်စက်ရုံသို့ ရောက်ရှိခဲ့ရာ မျိုးစပါး၊ မတ်ပဲနှင့် ပဲတီစိမ်း မျိုးသန့်မျိုးစေ့များ စုဆောင်းထားရှိမှုအား စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထွက်နှုန်းကောင်းပြီး သက်တမ်း တိုသည့် ရက်(၉၀)စပါးမျိုးများ ပြည့်စုံစွာ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ရန်၊ မျိုးစေ့များ မျိုးရိုးဗီဇ မှန်ကန် မှသာ တောင်သူများအတွက် အထွက်နှုန်းကောင်းမွန်နိုင်မှာဖြစ်ပြီး မျိုးကွဲများပြားမှုမရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ပြီး ရေအနည်းလိုစပါးမျိုးများလည်း ကြိုတင် စုဆောင်း ထားရှိရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သုတေသနပြုလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆောင်းနေကြာ ရေဆင်း(၁)စပ်မျိုး စိုက်ပျိုး ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ပြည်သူ့ဆေးရုံး၌ တိုးချဲ့ (၂)ထပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တည်ဆောက်ရေးတာဝန်ခံမှ ဆေးရုံ(၂)ထပ် ဆောင် တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးရေး၊ ဆေးရုံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ အလယ်စုကျေးရွာနှင့် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာတို့တွင် အစေ့ချစနစ်ဖြင့် တစ်နှစ်သုံးသီး စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းများ သမန်းနှိုးခြင်း၊ စုပေါင်းမြေဩဇာကြဲပတ်ခြင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သက်တမ်းတိုသည့် ရက်(၉၀)စပါးမျိုး စိုက်ပျိုးနိုင်ရေးနှင့် မြို့နယ်အလိုက် ပျိုးထောင်စနစ်နှင့် အစေ့ချ စိုက်စနစ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။