Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှာစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှာစစ်ဆေး

ပြည် ဧပြီ ၂၇
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှာစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မြို့မဈေးရုံများ ပြန်လည် အဆင့်မြှင့်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရုံများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကြမ်းခင်းကြွေပြား ခင်းရန်၊ လေဝင်လေထွက်ကောင်းမွန်စေရေးနှင့် စျေးအတွင်း ရေဝပ်မှုမရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ခေတ္တရာယဉ်ကျေးမှုရုံ ပြန်အဆင့်မြှင့်တင်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး မိုးရာသီမရောက်မီ အမိုးအကာများ ပြင်ဆင်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စဉ်ဆက် မပြတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နတ်တလင်းမြို့၊ မြို့မရပ်ကွက်အတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ခရိုင်မြို့ဖြစ်၍ ဝန်ထမ်းများ အဆင်ပြေသက်သာစွာ နေထိုင်နိုင်ရေး ဝန်ထမ်းအိမ်ရာအတွက် နှစ်အလိုက် ဘတ်ဂျက်လျာထားတင်ပြရန်၊ ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး နှင့် ကျူးကျော်ဝင်ရောက် နေထိုင်မှုမရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့၊ တိုးချဲ့ရေပေးဝေ ရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့အတွက် တိုးချဲ့ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာရေးကောမတီ ဥက္ကဋ္ဌ ဦးအောင်စိုးထက်က မြို့တိုးချဲ့ရေပေးရေးလုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြခဲ့ရာ မြို့မိ/မြို့ဖ ဦးတင်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြို့ပင်ကောက်မြို့ တိုးချဲ့ရေပေးရေး အဆောက်အဦရှိ ရေဘားအား လက်လှည့်ဖွင့်လှစ်ပေးခဲ့ပြီး ရပ်ကွက်အတွင်း ရေပေးဝေမှု အခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြို့ပင်ကောက်မြို့သည် ရှေးယခင်ကတည်းက သောက်သုံးရေနှင့်ပတ်သက်၍ မိုးရေကိုသာ အဓိက ထားသုံးစွဲခဲ့ရပြီး နှစ်စဉ်(၆)လခန့် သောက်သုံးရေရှားပါးခဲ့မှုနှင့် ကြုံတွေ့နေရသည်ကို သိရှိရ၍ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှစတင်၍ မြေသားရေကန်တူးဖော်ခြင်းနှင့် မြို့ရေပေးဝေ ရေးလုပ်ငန်း(၁၁)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၅၇.၆၀၆)သန်းဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေပေးဝေရေးလုပ်ငန်း(၁၀)ခုအား တိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၄၂၂.၃၁၅)သန်းဖြင့်လည်းကောင်း စုစုပေါင်းငွေကျပ်(၉၇၉.၉၂၁) သန်းဖြင့် မြို့တိုးချဲ့ရေပေးဝေရေးလုပ်ငန်း(၂၁)ခု၊ ရေတိုင်ပေါင်း(၈၂၀)ခုတို့ဖြင့် ရေမီတာ(၁)ယူနစ် ဂါလံ(၅၀) ဆံ့ ပေပါ(၄)လုံးအတွက် ငွေကျပ်(၄၀၀)နှုန်းဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။