Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝေါ    ဇူလိုင် ၁၂

================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တိုက်ရိုက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိပါက ဒေသတွင်းစားရေရိက္ခာ ဖူလုံပိုလျှံမည်ဖြစ်ကာ စားသုံးကုန်များ အထိုက် အလျောက် စျေးနှုန်းကျဆင်းသွားမှာဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်ရေး ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် အဆင့်မြင့် စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက် Gasifier တည်ဆောက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ ကလည်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝေါမြို့နယ်၊ ဆန်စက် လုပ်ငန်းရှင်များကိုယ်စား ဦးဇော်မင်းထက်ကလည်းကောင်း၊ တောင်သူများကိုယ်စား ဦးကြီးမင်းက လည်းကောင်း သွင်းအားစုလိုအပ်ချက်နှင့် စိုက်နည်းစနစ်မှန်စေရေး နည်းပညာပေးခြင်းများ ဆောင်ရွက် ပေးရန်နှင့် သီးခြားလိုအပ်ချက်များ တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသော ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ၌ မိုးစပါး (ဆင်းသုခ)မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင် သမန်းနိုးနေမှုနှင့် မိုးစပါးကောက်စိုက် သရုပ်ပြသနေမှုတို့အား ကြည့်ရှု့အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကာ ရေသွင်း/ ရေထုတ် ကောင်းမွန်စေရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၅၈)အုပ်စု၊ ကျေးရွာပေါင်း (၁၁၇)ရွာရှိကာ စုစုပေါင်းမိုးစပါးလျာထားဧက(၁၇၅၇၇၀)ဧကတွင် စိုက်ပြီးဧက(၁၅၈၅၅၁)ဧကဖြစ်၍ စိုက်ပျိုး ပြီးစီးမှုရာခိုင်နှုန်း(၉၀.၂၀)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးလျက်ရှိပြီး ဇူလိုင်လနောက်ဆုံးအပတ်တွင် မိုးစပါး လျာနှုန်းပြည့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။