Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး

ဒိုက်ဦး ဇူလိုင် ၃၀

===================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ဖြည့်ဆည်းပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် စနစ်ကျလယ်ယာမြေဧရိယာ (၁၂၀) ဧက၌ ကောက်စိုက်စက်ဖြင့် ရက်(၉၀)စပါးမျိုး စိုက်ပျိုးသရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခ တောင်သူများနှင့်တွေ့ဆုံကာ တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှု၊ သဘာဝမြေဩဇာ ပိုက်ဆံလျှော်တိုးချဲ့စိုက်ပျိုးရန်၊ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရန် ရေသွင်းမြောင်းများ ပိတ်ဆို့မှု မရှိစေရေးဆောင်ရွက်ရန်၊ လယ်ဘေးပလပ်မြေများတွင် နေဗီယာမြက်စိုက်ပျိုးရန် တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက် ထားသည့် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စု မိုးစပါးဧက(၁၀၀) တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် စိုက်ပျိုးထားရှိမှုနှင့် ရှမ်းစုကျေးရွာ၊ ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း သဘာဝမြေဩဇာနှင့် ဓါတ်မြေ ဩဇာအချိုးကျ ရောစပ်ကြဲပတ်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ဆန်စက်လုပ်ငန်းရှင် များနှင့် ချိတ်ဆက်၍ Contract Farming စနစ်ဖြင့် စျေးကွက်ဝင်မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများစီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးရန်၊ အာမခံချက်ရှိသောမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ပြည်တွင်း/ပြည်ပစျေးကွက်ရှိပြီး သက်တမ်းတို အထွက်နှုန်းကောင်းသော မျိုးစပါးများစိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာရှိ ဦးဇော်လွင်၏ ဥစားဘဲကောင်ရေ(၃၀၀၀) မွေးမြူ ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း လူတစ်ယောက် (၁)ရက် ဥ(၂)လုံးစားသုံးနိုင်ရေး တိုးချဲ့ မွေးမြူရန်၊ နေဗီယာမြက်စိုက်ပျိုးရန်၊ ဆန်စက်/ဆီစက်များမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများ ဖြင့် တိရစ္ဆာန်အစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲရန်နှင့် ဒေသတွင်း သား၊ ငါး၊ ဥ စားသုံးမှု ဖူလုံပိုလျှံစေရေး မွေးမြူရေး ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ဆောင်ရွက်ရန် တာဝန်ရှိသူအား လမ်းညွှန်မှာကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကျောင်းစုရပ်ကွက်ရှိ “မလတ်” ငါးဖယ်ချဉ်နှင့် ပဲဆီထုတ်လုပ်ရေး အလုပ်ရုံသို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ ဘေးကင်းလုံခြုံသောဒေသထွက်ကုန်များ တိုးတက်ထုတ်လုပ်ရန်နှင့် FDA ထောက်ခံချက် ရရှိရေးဆောင်ရွက်ပေးရန်၊ တာရှည်ခံဓာတု ဆေးဝါးများမသုံးစွဲစေရေးနှင့် ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ရန်နှင့် ပြည်ပစျေးကွက်အထိ တင်ပို့ရောင်းချ နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ပဲစိုက်တောင်သူများအား ဆီထွက်နှုန်း အရည်အသွေးကောင်းမွန်ပြီး တစ်ဧကတင်း(၁၀၀)ကျော်ထွက်ရှိသည့် မြေပဲမျိုးများတိုးချဲ့စိုက်ပျိုးရန်နှင့် ဒေသတွင်းမြေပဲဆီအား လွယ်ကူလျင်မြန်စွာ ကြိတ်ခွဲစားသုံးရောင်းချနိုင် ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။