Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ယခုအခါ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိပြီး ရက်ကွက် (၁၃)ခု၊ ကျေးရွာ(၆)ရွာတို့တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်းပေါင်း(၃၀)ခန့် ဖွင့်လှစ်ထားရှိပြီး ရေးဘေးသင့် အိမ်ခြေ(၃၄၉၄)၊ အိမ်ထောင်စု(၃၆၅၀)စု၊ လူဦးရေ (၁၅၃၉၅) ဦးအား ယာယီကူညီစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ နေ့စဉ် စားသောက်ရေးအတွက် လိုအပ်ချက်မရှိစေရေး မိမိတို့အစိုးရအဖွဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ဘဲဥ၊ ကြက်ဥ၊ အသား/ငါးများ ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း အလိုက် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ မိုးများသည့် ရာသီဥတုဖြစ်၍ တမံများ၊ ရေတားတာဘောင်များ၏ ကြံ့ခိုင်မှုများကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးသွားရန်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ အစီအစဉ်ဖြင့်မှာယူထားသည့် လက်ဆွဲကောက်စိုက်စက်များ မကြာမီရောက်ရှိတော့မည်ဖြစ်၍ ရေကြီးနစ်မြှုပ်သည့် လယ်မြေများ ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပျိုးထောင်ခြင်း များ ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လျက် ရှိသည့် စက်တပ် ရေယာဉ်/မော်တော်ယာဉ်များ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးသွားရန်လို အပ်ကြောင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းအလိုက် အမိုးအကာလုံခြုံမှုရှိစရေး၊ ကူးစက်ရောဂါဖြစ်ပွား မှု မရှိစေရေးအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် က ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်က တပ်မတော်သားများအနေဖြင့် ရေကြီးနစ်မြှုပ် သည့် ရပ်ကွက်/ကျေးရွာများအလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တပ်မတော်/ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးကယ်ဆယ်ရေးစခန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌက ပဲခူးမြို့ ရေကြီးမှုဖြစ်စဉ်အား Power Point ဖြင့်လည်းကောင်းအသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။