Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ရေတာရှည် စက်တင်ဘာ ၄

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ စက်တင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ အုပ်စု၊ တောင်နန်ချွန်ကျေးရွာ၌ စွန့်ပစ်စပါးခွံသုံး Gasifier လည်ပတ်၍ မုန့်ဖတ်ခြောက်လုပ်ငန်း လုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Gasifier မှ ထွက်ရှိသည် ရေဆိုးများအား စနစ် တကျသန့်စင်ခြင်းဆောင်ရွက်ပြီးမှသာ စွန့်ပစ်ရန်နှင့် ထွက်ရှိလာသော စပါးခွံဖွဲပြာများအား လောင်စာ တောင့်ထုတ်လုပ်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မုန့်ဖတ်ခြောက်အလုပ်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံသည့် စားသောက်ကုန်များ ဖြစ်စေရေး၊ FDA ထောက်ခံချက်ရရှိရေး၊ ထုတ်ပိုးမှုစနစ်များ ပြန်လည်အဆင့်မြှင့်တင်၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မုန့်ဖတ်ခြောက် ထုတ်လုပ်မှုအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး ရွာတွင်းကွန်ကရစ်လမ်း အရှည်(၃၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ လမ်းပိုင်းတာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင် ရွက်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းပုခုံးသားများ အမာခံ ရရှိရေး စစ်ဆေးရန်၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြေသားပြိုကျမှုမရှိ စေရေး မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံပြည်သူ များနှင့် တွေ့ဆုံခဲ့ပြီး ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် လုံလောက်စွာရ ရှိရေး၊ သပြေတန်းကျေးရွာမူလတန်းလွန်ကျောင်းအတွက် ရေသန့်စက်တပ်ဆင်ပေးနိုင်ရေးနှင့် ရေကြီး ရေလျှံမှုမဖြစ်ပေါ်စေရေး သပြေးတန်းချောင်းရိုးအား ပြန်လည်တူးဖော်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ အုပ်စုရှိ တောင်သူဦးလင်း၏ မိုးစပါးရက်(၉၀)နှံကောက် မျိုးစေ့ထုတ်စံပြကွက်သို့ ရောက်ရှိခဲ့ပြီး တောင်သူ ပူးပေါင်းပါဝင်သည့် မျိုးစေ့ထုတ်စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်၊ တစ်နှစ်(၃)သီးစိုက် လယ်မြေများတွင် မျိုးစေ့မှန်၊ စိုက်ချိန်မှန်၊ ရိတ်သိမ်းချိန် မှန်ကန်ရန်လိုအပ်ပြီး စိုက်ပျိုး ရေအခက်အခဲဖြစ်သည့် လယ်မြေများတွင် ရေအနည်းလိုစပါးမျိုးများ စိုက်ပျိုးသွားရန်နှင့် သဘာဝ မြေဩဇာ တောင်သူကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။