Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့

ဒိုက်ဦး နိုဝင်ဘာ ၁၃

================

            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစီအစဉ်ဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်ကောင်း မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဘက်စုံကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်ကောင်း မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ကောက်စိုက်လုပ်သားရှားပါးမှုနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက်  ဒေသခံတောင်သူများအား လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံအား Video Clip ဖြင့် ရှင်းလင်းပြောကြာခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၌ မိုးစပါစံပြစိုက်ခင်း တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀၀) ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစနစ်တကျ သုံးစွဲနိုင်ရေး အသိပညာပေးပြောကြားခဲ့ပြီး နွေစပါးစိုက်ပျိုးချိန်အမီ တန်ဖိုးနည်း လက်စွဲ ကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား သရုပ်ပြ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊  ရက်(၉၀)နှင့် ဆင်းသုခ မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

               အဆိုပါ မိုးစပါးရိတ်သိမ်းမှုတွင် တစ်ဧကလျှင် အစိုတင်း(၁၄၂.၈၉)၊ အခြောက်တင်း(၁၂၈.၇၀)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

                ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးမိုးကျော်၏ ဒေသနွားကောင်ရေ(၅၀) မွေးမြူရေးခြံနှင့် အိမ်ခြေလေးဆယ်ကျေးရွာ၊ တောင်သူဦးတင်ထွဋ်မြင့် ၏ ဒေသကြက်ကောင်ရေ(၁၀၀၀) မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန် အဟာရမှုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကာ ခြံလှောင်မွေးမြူရေးစနစ်များဖြင့် တိုးချဲ့ဆောင်ရွက်ရန်၊ တိရစ္ဆာန်အစာ နေဗီယာမြက်မျိုးများ စိုက်ပျိုးနိုင်ရေး တာဝ်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် ဒိုက်ဦးမြို့နယ်၊ မအူတန်းကျေးရွာအုပ်စု၊ အေးသုခကျေးရွာရှိ လုပ်ငန်းရှင် ဦးဝင်းမြင့်၏ စွမ့်ပစ်ပစ္စည်းစပါးခွံ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ဖြင့် တစ်ရှူးစက္ကူထုတ်လုပ်သည့်စက်ရုံနှင့် ဦးဇော်မင်းဦး၏ ကတ္ထူစက်က္ကူ ထုတ်လုပ် သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းဖြစ်၍ ထပ်မံအဆင့် မြှင့်တင်၍ ကုန်ချောပစ္စည်းများ တိုးချဲ့ထုတ်လုပ်နိုင်ရန် ချေးငွေရရှိရေးနှင့် နည်းပညာရရှိရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။