Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေး

တောင်ငူ ဒီဇင်ဘာ ၉

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါ လျက် ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းရှင် ဒေါ်သန္တာကျော်အေး၏ (DYL)အသားတိုးဝက်ကောင်ရေ(၁၇၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဝန်ကြီးချုပ်က တိရစ္ဆာန်ရောဂါကျရောက်မှုမရှိစေရေးနှင့် ဒေသတွင်းအသားစားသုံးမှုဖူလုံစေ ရေးအတွက် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးအဆင့်မှ စီးပွားဖြစ်မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် အချိန်တိုကာလအတွင်း အသားအများဆုံး ထုတ်လုပ်ပေးနိုင်သည့် ဝက်မွေးမြူရေးအား တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့သန့်ရှင်းသာယာ လှပစေရေး ရှေးဟောင်းကျုံးအတွင်း ဗေဒါပင်များဆယ်ယူနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗေဒါပင်မှ လူသုံးကုန်လက်မှုပစ္စည်းထုတ်လုပ်သည့် သင်တန်းများပေး၍ ဒေသခံပြည်သူများအတွက် အကျိုးရှိရှိ ဆောင်ရွက်ပေးရန်၊ ဗေဒါပင်အား ခုတ်ပိုင်း၍ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး အသိပညာပေးရန်နှင့် ကျုံးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရှော့တိုက်ငါးဖမ်းဆီးမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ မြောက်နန်ချွန် ကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော မွေးမြူရေး လုပ်ငန်းရှင် ဦးဟန်မြင့်စော၏ ဥစားကြက်ကောင်ရေ(၇၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ရာ၊ မွေးမြူရေးခြံတာဝန်ခံက ကြက်သေးမှ ကြက်ကြီးအဆင့်အထိ မွေးမြူမှုအဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့မှု အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥစားကြက်များအပြင် တိုင်းရင်းကြက်များလည်း တိုးချဲ့မွေးမြူရန်၊ မွေးမြူရေးတိရစ္ဆာအစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန်၊ မွေးမြူရေးခြံများတွင် နေဗီယာ မြက်စိုက်ပျိုးသွားရန်၊ ကြက်ဥများအား ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် များတွင် ရောင်းချနိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။