Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

သနပ်ပင် ဇန်နဝါရီ ၂

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုပိုင်းရပ်ကွက် ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဦးမင်းနိုင်၏ တစ်နှစ် နွေစပါး(၂)သီး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ဖရဲစံပြကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးစိန်လင်း၏ အသားတိုးကြက်ကောင်ရေ(၁)သိန်း မွေးမြူထားရှိမှု၊ ဈေးပိုင်းရပ်ကွက်ရှိ ဦးလင်းသူအောင်၏ ဘက်စုံမွေးမြူရေးခြံနှင့် ကမာစဲစံပြကျေးရွာရှိ ဦးဝင်းထိုက်အောင်၏ ကာကီကင်းမျိုး ဥစားဘဲကောင်ရေ(၁)သိန်း မွေးမြူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဒေသတွင်း အသားစားသုံးမှု၊ ဥစားသုံးမှုနှင့် နို့စားသုံးမှုဖူလုံစေရေး နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများတိုးချဲ့ ယူနစ်အလိုက် ချေးငွေများပံ့ပိုးဆောင်ရွက်ပေးလျက် ရှိသည့်အပေါ် မြေပြင်တွင် အမှန်တကယ်မွေးမြူခြင်း ရှိ/မရှိ စစ်ဆေးရန်၊ မျိုးကောင်းမျိုးသန့်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး အသိပညာပေးရန်၊ ဘေးကင်း လုံခြုံသည့် အစားအစာများဖြစ်စေရေး သတ်မှတ်နည်းလမ်းများအတိုင်း မွေးမြူသွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် သနပ်ပင်မြို့နယ်၊ ရေကျော်ကျေးရွာ၌ ဦးစံထွန်းအောင်၏ ဇီဝဇိုးငှက်မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ငှက်သိုက်အား ပဲခူးတိုင်းဒေသထွက်ကုန်တစ်ခုအဖြစ် ကြိုးစားဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် စိန်သုံးလုံး အဆင့်မြှင့်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး ပြည်ပပို့ကုန်ဆန်များ တိုးတက်ပေးပို့နိုင်ရေး ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်များ ဖော်ထုတ်ဆောင်ရွက်ရန်နှင့် ဆန်စက်အတွက် Gasifier တပ်ဆင်သုံးစွဲ နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့တွင်းတံတား တည်ဆောက် နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာ၊ ပဏ္ဍိတာရုံဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားနေသည့် ဗေဒါပင်မှ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှုသတင်တန်းအား သွားရောက်ကြည့်ရှုခဲ့ပြီး သင်တန်း သူများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ပဲခူးမြို့၊ သီရိဥဿာဈေးရုံကြီး၌ ဖွင့်လှစ် ထားသည့် တိုင်းဒေသကြီးဒေသထွက်ကုန်အရောင်းစင်တာတွင် ရောင်းချနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေး ခဲ့ပြီး သင်တန်းအတွက်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။