Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပြည် ဒီဇင်ဘာ ၅
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၄)ရက်နေ့၊ မွန်းလွှဲပိုင်း က ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး မြေကွက်နေရာမဲနှိုက်ချထားပေးခဲ့မှုအခြေအနေများ၊ လမ်းဖောက်လုပ် ထားရှိမှု၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး အမှန်တကယ် မွေးမြူသူများအား ခွင့်ပြုထားပေးရန်၊ ခြံလှောင်မွေးမြူရမည့် စနစ်ဖြစ်၍ တိရစ္ဆာန်အစာအတွက် နေဗီယာ မြက်စိုက်ပျိုးရန်၊ သာဘာဝမြေဩဇာ စက်ရုံလာရောက်တည်ဆောက်မည်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ အတွက် စျေးကွက်တစ်ခု ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိရစ္ဆာန်န်နှင့်ပတ်သက်သည့် ဆေးဆိုင်များ၊ အစာဆိုင်များ ထည့်သွင်းဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး အဆင့်မြင့်မွေးမြူရေး ကျင့်စဉ်များအတိုင်း လိုက်နာမွေးမြူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မုဌောကျေးရွာ အုပ်စု၌ ဆောင်းသီးနှံ ကြက်သွန်နီစံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး လက်ရှိစိုက်ပျိုးသည့်မြေ၌ (၁)ဧကလျှင် ကြက်သွန်နီ ပိဿာ(၅၅၀၀)မှ ပိဿာ(၆၀၀၀)အထိ ထွက်ရှိသဖြင့် တောင်သူများအတွက် အလွန်အကျိုးရှိသော်လည်း မြေနေရာအများစုတွင် စိုက်ပျိုးရေအခက်အခဲဖြစ်နေ၍ ရေလျှံတွင်းများ တူးပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ကြက်သွန်နီသည် ပြည်တွင်းစားသုံးကုန်လည်း ဖြစ်သလို ပြည်ပပို့ကုန်လည်းဖြစ်၍ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေး ဆောင်ရွက်ပေး ရန်နှင့် ဈေးကွက်အတွင်း အချိန်မီရောက်ရှိစေရေးနှင့် ကုန်ထုတ်လုပ်မှု နှောင့်နှေးခြင်းမဖြစ်ပေါ်စေရေး ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ညချမ်းအချိန်၌ ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြက်ကြီးရှိ ပုညကရဏ(၄)ထပ်ဓမ္မာရုံကြီး ရင်ပြင်တော်ပေါ်၌ နှစ်ဦးတရာပွဲဓမ္မသဘင်(စတုတ္ထနေ့)အား ကျင်းပပြုလုပ် ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးသက်သက်တို့ တက်ရောက် နာယူကြည်ညို ခဲ့ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားတော် ဟောကြားတော်မူခဲ့သည့် သဲဖြူနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက လှူဖွယ်ခြင်းနှင့် နဝကမ္မ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက တရားတော်နာ ကြွရောက်လာသည့် ပင့်ဖိတ်ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်များအား နဝက္ကမအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။