Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပြည် ဖေဖော်ဝါရီ ၄

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက် ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSMEs လု်ပငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူလုပ်ကိုင်လျက်ရှိသော ဦးကိုကိုမြတ်၏ အသားစား ကြက် ကောင်ရေ(၁၅၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အသေးစားမွေးမြူရေးလုပ်ငန်း စတင်မည့်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများအဆင့်ထိ သိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက် သွားရန်နှင့် မွေးမြူရေးနှင့်ပတ်သက်၍ စီးပွားဖြစ်အကြီးစားမွေးမြူရေးလုပ်ကိုင်လိုသူများအား ဖိတ်ခေါ်၍ ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး မွေးမြူရေးဇုံ၌ လာရောက်လုပ်ကိုင်နိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဦးဇာ်ဝင်းလှိုင်၏ ရွှေတောင်စည်းလုံချည်ယက္ကန်း အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းထပ်မံတိုးချဲ့နိုင်ရန် ချေးငွေရရှိနိုင်ရေးနှင့် နည်းပညာရရှိရေးတို့ အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည့် MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် ရောင်းချနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ဦးသိန်းထွန်းအောင်၏ နို့အေးချစက်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး နို့နှင့်နို့ထွက်ပစ္စည်းများအား တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းနှင့် နည်းပညာရရှိနိုင်ရေး တာဝန်ရှိသူ များနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဥမ္မာကျော် အသင့်စားအသုပ်မျိုးစုံလုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းများပိုမိုတိုးချဲ့နိုင်ရေးနှင့် ပြည်ပဈေးကွက်ရရှိနိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ဦးကျော်ကျော်လတ်၏ မြေပဲဆီစက်အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး FDA ထောက်ခံချက် ရရှိရေးနှင့် ထုတ်လုပ်မှုအဆင့်ဆင့်တွင် ဘေးကင်းလုံခြုံမှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။  ၎င်းနောက် သဲကုန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာရှိ အထွက်နှုန်းကောင်းမတ်ပဲ စံပြစိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်းမတ်ပဲစိုက်တောင်သူများအား စိုက်ပျိုးချိန်၊ ပဲသီးချိန်နှင့် ပဲရိတ်သိမ်းချိန် တို့တွင် ခေါ်ယူလက်တွေ့ပြသရန်နှင့် ဒေသတွင်း အထွက်နှုန်းကောင်းသော မျိုးများအား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူလိုလားချက်အတိုင်း ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား လမ်းညွှန် မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပုတီးကုန်း-သဲကုန်း-ဆင်မြီးဆွဲ ကားလမ်းတစ်လျှောက်ရှိ ချောင်းကမ်းကုန်းကျေးရွာ၊ ကံနှစ်ဆင့်ကျေးရွာနှင့် ဆင်တဲကုန်းကျေးရွာများရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မတ်ပဲမျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေး၊ တစ်နှစ်(၂)သီးသာ စိုက်ပျိုးနိုင်သည့် ကျေးရွာများအတွက် တစ်နှစ်(၃)သီး သီးထပ်စွမ်းအား တိုးတက်စေရေး အသိပညာပေးဆောင်ရွက်ခဲ့ကာ စိုက်ပျိုးရေရရှိရေးအတွက် လက်နှိပ်တုံကင်ရေတွင်းများ တူးဖော်နိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။