Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၂)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ဒေသထွက်ကုန်များအား တိုင်းဒေသကြီးမှ တစ်ဆင့်  ပြည်တွင်းဈေးကွက်သို့ ချဲ့ထွင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်သွားရမှာဖြစ်သလို MSMEs လုပ်ငန်းရှင်များအတွက်လည်း လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများ ဖန်တီး ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းသည် ဆီထွက်သီးနှံ ပဲမျိုးစုံထွက်ရှိရာဒေသလည်းဖြစ်၍ အသေးစား ဆီစက်များ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ရေးနှင့် ရှိပြီးသားဆီစက်များကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP)အဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးအပြင် စိုက်ပျိုးထွက်ရှိလာ သည့် သီးနှံများအား စားသုံးနိုင်ရေး ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းနှင့်အတူ ပိုလျှံသီးနှံများ လေလွင့်မှုမရှိစေရေး အခြောက်ခံခြင်း၊ ယိုပြုလုပ်ခြင်း၊ အမှုန့်ပြုလုပ်ခြင်းစသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်းများကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထုတ်လုပ်သည့် စားသုံးကုန်များ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် FDA ထောက်ခံချက်ရရှိရေးနှင့် ခရိုင်/ မြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့များ အနေဖြင့် မြို့နယ်အလိုက် MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိတ်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်နိုင်ရေး တင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် MSMEs လုပ်ငန်းရှင်များ အသင်းဝင်ကတ်ရရှိရေး၊ ချေးငွေထုတ်ချေးပေးထားမှု၊ FDA ထောက်ခံချက်ရရှိရေးနှင့်  MSMEs စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများနှင့် သီးခြားလိုအပ်ချက်များအား အကြံပြုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။