Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ညောင်လေးပင် ဇွန် ၁၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ သူနာပြု/သားဖွား သင်တန်းကျောင်း၊ ဂျုတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် ပညရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကျောင်း အတွက် ထောက်ပံ့ငွေကျပ်သိန်း(၅၀) ထောက်ပံ့ပေးအပ်ခဲ့ရာ တတိယနှစ် သင်တန်းသူတစ်ဦးက ကျေးဇူတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရသင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူခဲ့ကြပြီး သင်တန်းသား/သူတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လက်ပံသုံးခွကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်းဆောင်ရွက် လျက်ရှိသော ဦးထွန်းဝင်း၏ ဒေသနွားကောင်ရေ(၈၀) မွေးမြူရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုအား ပေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ဒေသနွားများအသုံးပြုသည့် အလေ့အထများ ပြန်လည်အကောင် အထည်ဖော် ဆောင်ရွက်သွားရန်၊ တိရစ္ဆာန်အစာအတွက် နေဗီယာ မြက်စိုက်ပျိုးသွားရန်၊  အသားစားနွားနှင့် နို့စားနွားများလည်း တိုးတက်မွေးမြူနိုင်ရေး မျိုးကောင်းမျိုးသန့် ရှာဖွေပေးရန်နှင့် အနာဂတ်တွင် တောင်သူတိုင်း ဒေသနွားမွေးမြူရေးလုပ်ငန်း ပိုင်ဆိုင်မှုရရှိရေး အခွင့်အလမ်းများ ဖန်တီးပေးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က နေဗီယက်မြက်မျိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦး-စစ်တောင်းလမ်း၌ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးဆန်းဌေးအောင်၏ ဒေသကြက်ကောင်ရေ(၃၈၀၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်သည် မွေးမြူ ရလွယ်ကူပြီး ရာသီဥတုဒဏ်နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် ကြက်မျိုးများဖြစ်ခြင်း၊ လူမျိုးမရွေး ဘာသာ မရွေးစားသုံးနိုင်သည့် အသားထုတ်ကုန်ဖြစ်ခြင်း၊ အာဟာရပြည့်ဝသည့် ဥထုတ်လုပ်မှုရရှိခြင်း၊ (၂)လကျော် မွေးမြူရုံဖြင့် ပြန်လည်ရောင်းချ၍ အမြတ်ငွေရရှိခြင်း၊ အချိန်တိုအတွင်း Quick Win ဖြစ်ပြီး ဈေးကွက်ရှိသည့် လုပ်ငန်းဖြစ်၍ အသားကဏ္ဍဖူလုံပိုလျှံစေရေးနှင့် တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ရရှိသည့် လုပ်ငန်းဖြစ်၍ ကျေးလက်နေပြည်သူတိုင်း ဒေသကြက်မွေးမြူနိုင်ရေး အသိပညာပေးစည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအား တိုးတက်စေရေး လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ရောင်းချပေးလျက်ရှိသာ သွင်းအားစုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

၎င်းနောက် မျိုးသန့်ခြံ၌ ရက်(၉၀)စပါးမျိုးအား ကြိုတင်ပျိုးထောင်စနစ်ဖြင့် မိုးရာသီအတွင်း မိုးစပါး(၂)သီးစိုက်ပျိုးထားရှိမှုအား  ကြည့်ရှုအားပေးခဲ့ကြောင်း ဒေသခံပြည်သူများအတွက် သီးထပ်နှံအား တိုးတက်လာသည်နှင့်အမျှ မိသားစုဝင်ငွေ တိုးတက်ရရှိနိုင်သည့် အခြေအနေများအား တာဝန်ရှိသူများက သရုပ်ပြရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။