Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ပေးရန်နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ပေးရန်နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှု

ပြည် ဇွန် ၃၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇွန်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ပေးရန်နှင့် လက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းကျေးရွာ အုပ်စု၊ ယာဉ်တန်းသွားကျေးရွာ၌ ရေတိုက်စားမှုကြောင့် မြောင်ချောင်းကမ်းပါးပြိုကျနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း လယ်မြေ(၁၀၅)ဧကအား တိုင်းဒေသကြီးမှထုတ်လုပ်သည့် လက်ဆွဲ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာသီတွင် ပိုးမွှားနှင့်ရောဂါကျရောက်မှုများပြားသဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မည်ဖြစ်ကာ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်သည့် သမန်းကောင်းမွန်မှုရှိစေရေး ဆောင်ရွက် ရန်၊ တောင်ညိုဆည်ရေသောက် ဧရိယာအတွင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လက်တံခွဲရေပေးမြောင်း ပေ(၂၀၀၀) ထပ်မံတူးဖော်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။