Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇူလိုင် ၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ မြောင်ရှည်ကျေးရွာ၌ အထွက်နှုန်းကောင်း ရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံ တစ်ကွင်းတစ်ဆက်တည်း သီးသန့်(၁၅၀)ဧက စိုက်ပျိုးမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုးဦးနှင့် မိုးနှောင်းကာလတွင်း (၂)သီး စိုက်ပျိုး သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့် ရှာဖွေပေးရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ပန်းတောင်းမြို့နယ်၌ ပဲစဉ်းငုံ သီးသန့်(၁၅၀)ဧကနှင့် သီးညှပ်(၄၇၀၆)ဧက စုစုပပေါင်း(၄၈၅၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။

ထို့နောက် ပန်းတောင်းမြို့နယ်၊ အုတ်ဖိုကျေးရွာသို့ သွားရောက်၍ အုတ်ဖို-ငါးဆယ်ပေးကျေးရွာ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ စိုက်နည်းစနစ်နှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ဒေသကြက်အား စီးပွားဖြစ်မွေးမြူနိုင်ရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ မကြီးထုံးကျေးရွာသို့ ရောက်ရှိခဲ့ပြီး တစ်နှစ်မိုးစပါး(၁)သီးသာ စိုက်ပျိုးနိုင်သည့် လယ်မြေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပြီး ဒေသရေမြေသဘာဝနှင့်ကိုက်ညီသည့် စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် တစ်နှစ်အနည်းဆုံး (၂)သီး စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့၊ ပဲကြီးကျေးရွာ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းသည် ရေလမ်းကြောင်းကောင်းမွန်စေရေးခြင်းနှင့် နုံးဖမ်းခြင်း ကို အဓိကထားဆောင်ရွက်ခြင်းဖြစ်၍ သတ်မှတ်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့၊ ရှေးဟောင်း သမိုင်းဝင် ပေါ်တော်မူ(ရှင်ဖြူ)မြတ်စွာဘုရားကြီးအား သွားရောက်ဖူးမြှော်ခဲ့ပြီး အဝင်မုခ်ဦးနှင့် ဘုရားကြီး ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။