Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-စစ်တောင်း လမ်းပေါ်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူလျက်ရှိသော ဦးဆန်းဌေးအောင်၏ “မေမြင့်မိုရ်” မွေးမြူရေးခြံ၌ တိုင်းရင်းကြက်ကောင်ရေ(၄၀၀၀)မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအား ပေးခဲ့ပြီး နေဗီယာမြက်နှင့် ဒေသထွက်တိရစ္ဆာန်အစာဖြင့် မွေးမြူနိုင်ရေးနှင့် ဈေးကွက်ဝင် ဒေသကြက် မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒိုးတန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း YSR-1 မိုးစပါးစံပြ မျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး အားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရွှေလရောင် လယ်ယာသုံးစက်နှင့် စက်အပိုပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်မှ ပြည်ပသွင်းကုန်အစားထိုး စက်အပို ပစ္စည်း ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လယ်ယာသုံးစက်ကိရိယာများအတွက် စက်အပိုပစ္စည်း အမယ်စုံထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာ၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး(၂၅၈)ဧက စုပေါင်းကျောက်မှုန့်ကြဲပတ်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီသည့် YSR-1 စပါးမျိုးအား ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေရေး လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝဲဝန်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဦးဝင်းဌေး၏ ဒေသကြက်ကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ရှမ်းစု ကျေးရွာ၌ ကောက်စိုက်လုံမဖြင့် စိုက်ပျိုးခြင်း၊ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစသည့် စိုက်နည်းစနစ် သရုပ်ပြကွက်များအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လက်ဆွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ စိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးချိန်သက်သာခြင်း၊ လုပ်သားရှားပါးမှုကို ကျော်လွှားနိုင်ခြင်း၊ ပင်ပွှားနှုန်းကောင်းမွန်းခြင်း၊ ရောဂါ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်းစသည့် လက်တွေ့သိမြင်နိုင်သည့် အခြေခံအချက်အလက်များအပြင် ပန်းတိုင် အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် အားသာချက်များကြောင့် ဒေသခံတောင်သူများအား ခေါ်ယူပြသ အသိပညာပေးခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းရှမ်းစု-ဝဲဝန်းကျောင်းစု ကျေးရွာချင်းဆက်လမ်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေး ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေး စခန်းရှိ ပို့ကုန်လမ်းကြောင်း ကုန်စစ်ရုံတည်ဆောက်နေမှုနှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးစခန်း များ ကုန်စစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။