Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေး

ပဲခူး ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ် ရေးတာတစ်ခုဖြစ်သည့် ပန်းလှိုင်ရေတားတာ၌ ရေဘေးကြိုတင်ကာကွယ်ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကျော်နိုင်သည့် တာအနိမ့်ပိုင်းနေရာများတွင် သဲအိတ်များကြိုတင်စုပုံထားရန်၊ ရေတားတာတစ်လျောက် ရေကင်းများစနစ်တကျထားရှိပြီး စောင့်ကြည့်စစ်ဆေးရန်၊ ဖြစ်ပေါ်လာ နိုင်သည့် မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအားတွက်ဆ၍ လူအသင့်၊ စက်ရေယာဉ်အသင့်၊ ပြောင်းရွေ့ ပေးရန် မော်တော်ယာဉ်အသင့်ထားရန်နှင့် ရေဘေးကာကွယ်ရေးတာများ၏ ကြိုတင်ရေဘေးကာကွယ်ရေးလုပ်ငန်း များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းစောင့်ကြည့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ်ရေးတာများဖြစ်သည့် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ ညောင်ဝိုင်းတာများ၏ ရေဘေး ကြိုတင် ကာကွယ်ရေးပြင်ဆင်ထားရှိမှုနှင့် တာကြံ့ခိုင်မှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက် လာသည့် ရပ်ကွက်များအတွင်းနေထိုင်သည့်ပြည်သူများအတွက် လိုအပ်သည်များ ပံ့ပိုး ကူညီပေးရန်နှင့် လိုအပ်လာပါက အမြန်ဆုံးစုဖွဲ့နေထိုင်ရာမည့်နေရာသို့ သွားရောက်နိုင်ရေး ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်ရန်နှင့် လိုအပ်သည့်ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရန် တာဝန်ရှိ သူများအားလမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြစ် ရေ ညဝင်ရောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်(၈၈၀) စင်တီမီတာ အထက်ကျော်လွန်ကာ (၉၃၀)စင်တီမီတာအထိရောက်ရှိနေပြီဖြစ်၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင် ရောက်မှုလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။