Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၇

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)ကြိမ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၏ အရေးပါရှိမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကောင်းမွန်သောအစဉ်အလာများနှင့် နိုင်ငံဝန်ထမ်းကောင်းများအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင် ရေး အကျယ်တဝင့် အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အမှုထမ်း၊ အရာထမ်း စုစုပေါင်း(၂၃၆)ဦးအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာသီရိပရိယတ္ထိစာသင်တိုက် သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များ အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှ အတမ်းပေးဝေကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

          (၃၃)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားအား နှစ်စဉ် နိုဝင်ဘာလ(၇)ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၌ ဝန်ထမ်းမိသားစုများ စုပေါင်း၍ အလှူဒါနပြု လုပ်ခြင်း၊ ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခြင်းများ ပြုလုပ်ကြကြောင်း သတင်းရရှိသည်။