Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၆

==================

          ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးအား ဧပြီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် COVID-19 ရောဂါပိုးများ ထပ်မံတွေ့ရှိနေရကြောင်းကို သိရှိနေရပြီဖြစ်၍ လုံးဝပေါ့ဆ၍မရဘဲ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း COVID-19 စစ်ဆေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်စရာရှိသည်များကို စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ COVID-19 စစ်ဆေးပါက ပိုးတွေ့လူနာများလည်း တွေ့ရှိလာမည်ဖြစ်ကြောင်း၊ ယခင် Facility Quarantine အဖြစ် အသုံးခဲ့သော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများအစား Facility Quarantine အဖြစ် အသုံးနိုင်မည့် နေရာသစ်များ ထပ်မံရှာဖွေထားရန် လိုအပ်ကြောင်း၊ COVID-19 ပထမလှိုင်းကို ထိရောက်စွာ ထိန်းချုပ်နိုင်သော်လည်း COVID-19 ဒုတိယလှိုင်းသည် ပြည်တွင်းကူးစက်မှုနှုန်း အလွန် မြင့်မားခြင်းနှင့် သတင်းအချက်အလက် အားနည်းချက်များကြောင့် ထိန်းချုပ်ရန် ခက်ခဲခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ရသည်ကို သင်ခန်းစာယူ၍ COVID-19 ထပ်မံဖြစ်ပွား လာပါက အချိန်မီထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား စီမံချက်ရေးဆွဲတင်ပြပေးရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် COVID-19 ရောဂါဖြစ်ပွားခဲ့မှု၊ စစ်ဆေးခဲ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့နိုင်ခြင်းအခြေအနေများနှင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက် လာသည့် ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက အကြုံပြုနွေးခဲ့ကြပြီး ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။