Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

 ပဲခူး ဇွန် ၂၅

===================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းဦးဆောင်၍ ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့်ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိ၍ သက်ဆိုင်ရာမြို့နယ်များအနေဖြင့် မိမိတို့၏ မြို့နယ်အတွင်း ပြည်သူများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသိပညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေး ပိုစတာများစိုက်ထူခြင်းများ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါ သံသယရှိသူများအား များများစစ်နိုင်မှသာ မြန်မြန် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ Stay at Home ကြေငြာထားသည့် မြို့နယ်များ မိမိတို့မြို့နယ် အတွင်းသို့ အခြားမြို့နယ်များမှ ဝင်/ထွက်သွားလာရာတွင် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည့် လုပ်ငန်းစဉ်များအတိုင်း စစ်ဆေးပြီးမှသာ ဝင်/ထွက်သွားလာနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်သွားရန်နှင့် အခြားပြည်နယ်/တိုင်းဒေသကြီးနှင့် ထိစပ်သည့် စစ်ဆေးရေးဂိတ်များ သေချာစွာ စစ်ဆေးသွားရ မည်ဖြစ်ကြောင်းနှင့် Facility Quarantine တွင်ရှိသော ပြည်သူများအား ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ ဝဝလင်လင် အဟာရပြည့်ဝစွာ ကျွေးမွေးရန် ပြောကြားခဲ့ သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်နိုင်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ် ချက်များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက ဒေါက်တာသီဟက COVID-19 ရောဂါနှင့် ပတ်သက်၍ စက်ရုံ၊ ဈေး၊ ရပ်ကွက်/ကျေးရွာအလိုက် စစ်ဆေးဆောင်ရွက်ရမည့် အခြေအနေတို့အား အကြံပြုဆွေးနွေးတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းက မြို့နယ်အလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။