Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက   COVID-19 ရောဂါပိုး တွေ့ရှိမှုသည် နေ့စဉ်စာရင်းများအရ မြှင့်တက်လျက်ရှိ၍ ကာကွယ်ထိန်းချုပ်ရေးအပိုင်းကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ ဆေးရုံသို့ ရောက်ရှိလာသည့် PUI လူနာများအား အောက်စီဂျင်လုံလောက်စွာ ရရှိနိုင်ရေး အောင်စီဂျင်အိုးများ ချက်ခြင်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံများ၌ အောက်စီဂျင်ပိုက်လိုင်းများ ပြင်ဆင် ရန်နှင့် အသစ်တပ်ဆင်ရန် လိုအပ်ပါက တင်ပြပေးရန်၊ ပြည်သူများ မဖြစ်မနေ အပြင်ထွက်ရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း သွားလာနိုင်ရေး အသိပညာ ပေးခြင်းအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရန်၊ ဆေးရုံသို့ ရောက်ရှိလာသော သေဆုံးလူနာ များသည် နောက်ကျမှရောက်ရှိလာသည့်အတွက် ရပ်ကွက်/ကျေးရွာအတွင်း ဆယ်အိမ်မှူး/ရာအိမ်မှူးများမှတစ်ဆင့် အမြန်ဆုံး အကြောင်းကြားရန်နှင့် COVID-19 ရောဂါပိုး ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို ထိထိ ရောက်ရောက် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးလုပ်ငန်းစဉ်များအပေါ် အကြုံပြုဆွေးနွေးခဲ့ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက မြို့နယ်အလိုက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ကျန်းမာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

          အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။