Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၉

===================

          ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ် သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအား ဧပြီလ(၉)ရက်နေ့၊နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင်  “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်မြှင့်တင်ရေး” အဓိကကျပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရေးနှင့် ဒေသထွက်ကုန်များ ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးတို့ကို အဓိကထားချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြိုပြနှင့်ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရရှိစေရေး၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းမှတစ်ဆင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်ရရှိစေရေးတို့အတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် သင်ကြားရရှိခဲ့သည့် အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ကို ကိုယ်တိုင်ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် ပေါင်းစပ် ၍ မိမိတို့၏ ထုတ်ကုန်များကို ဒေသတွင်းသာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ မျှော်မှန်းဆောင်ရွက်ကြရန် သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး သင်တန်းတွင် သင်ကြားခဲ့သည့် လက်မှုကြိမ်၊ ဝါးထည်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          အဆိုပါ ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒိုက်ဦးမြို့နယ်တွင် ပထမဆုံးအကြမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ပဲခူးမြို့တွင် မတ်လ(၂၆)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ သင်တန်းသား/သူ(၂၀)ဦးအား ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၂၀၂၄ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၊ ပဲခူးမြို့နယ်စာဖြေဌာနရှိ ပထမကြီးတန်း ဖြေဆိုတော်မူကြမည့် စာဖြေသံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်(၁၈၂)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။