Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၀

=====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အစည်းအဝေးလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ကျေးရွာ/ရပ်ကွက်အတွင်း COVID-19 Mobile Swab Van များဖြင့် စစ်ဆေးပြီး ပြည်သူအတွင်း ပြန့်နှံ့နေသည့် ရောဂါပိုးသယ်ဆောင်သူများကို ရှာဖွေရန်လိုပါကြောင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ဖျားနာသူများအား ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများ နှင့် တစ်အိမ်ဆင်း တစ်အိမ်တက် ကျန်းမာရေးအခြေအနေမေးမြန်း၍ ရောဂါရှာဖွေရန်လို ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာမှ တွဲဖက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား လစဉ်(၃)သိန်းကျပ် ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ရောဂါပိုးထိတွေ့နေသော စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်း များအား ထောက်ပံ့ကြေး ပေးအပ်သွားမှာဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီးအတွက် အောက်စီဂျင်အိုးအလုံး ရေ(၁၆၀၀) ခန့်အား ဝယ်ယူဖြည့်ဆည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ (၁)ရက်လျှင် အောက်စီဂျင် (၄၀)လီတာ (၂၅၀)လုံး ထွက်ရှိမည့် Oxygen Plant(၂)လုံး၊ (၂၀၀)လုံးထွက်ရှိမည့် Oxygen Plant(၅)လုံး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အစီအစဉ်ဖြင့် မကြာမီတပ်ဆင် မည်ဖြစ်ကြောင်း၊ မြို့နယ်ဆေးရုံများတွင်လည်း Oxygen Pipe Line တပ်ဆင် ပေးထားပြီးဖြစ်ကြောင်း၊  ပဲခူးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်ဆဲ Liquid Oxygen Plant ကိုလည်း ဇူလိုင်လ နောက်ဆုံးပတ်တွင် Oxygen ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်မည်ဖြစ်ကြောင်း၊ Oxygen Concentractor အလုံး(၄၀)အား ဝယ်ယူနိုင်ရေး စီစဉ်ထားပြီးဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် သာယာဝတီ၊ မိုးညို၊ အုတ်ဖို၊ လက်ပံတန်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ ရေတာရှည်၊ ဖြူး၊ တောင်ငူ၊ အုတ်တွင်း ကျောက်ကြီးမြို့နယ်များတွင်လည်း Oxygen Plant များ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည်ကိုလည်း သိရှိရကြောင်း၊ မကြာမီအချိန်အတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း အောက်စီဂျင်လိုအပ်မှုကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေ ဖြင့် လိုအပ်ချက်များကို ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက ပညာပေးခြင်းအပြင် လိုက်နာမှုမရှိပါက ထိရောက်သော အရေးယူမှု ဆောင်ရွက်သွားမည့် အခြေအနေအား ပြည်သူလူထုသို့ အသိပေးကြေညာခြင်း လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အတွင်းရေးမှူး ဦးစိုးသိန်းက ဇူလိုင်(၁၉)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်းဝေး၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း အသီးသီး အကြံပြုဆွေးနွေးခဲ့ သည်။

          ယင်းနောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လိုအပ်မှုနှင့် ထောက်ပံ့ငွေ လိုအပ်ချက်များ တင်ပြ ခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ မွန်းလွဲပိုင်း၌ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သည် ပဲခူးမြို့၊ ကလိဆေးရုံ၌ တစ်ရက်လျှင် အောက်စီဂျင်(၄၀)လီတာ အလုံးရေ(၂၅၀)လုံး ထွက်ရှိမည့် Oxygen Plant တည်ဆောက်ရန် မြေနေရာအား သွားရောက်ကြည့်ရှုရွေးချယ်ပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း အောက်စီဂျင်ထုတ်လုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။