Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်း‌ဒေသကြီးစီမံအုပ်ချုပ်‌‌ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပဲခူးမြို့တွင်ဖွင့်လှစ်‌သည့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပဲခူးတိုင်း‌ဒေသကြီးစီမံအုပ်ချုပ်‌‌ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပဲခူးမြို့တွင်ဖွင့်လှစ်‌သည့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပဲခူး မေ ၂၁

=======================

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတို့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မေလ(၂၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ၂၀၂၁ ခုနှစ် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။

    အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား သင်တန်းသား/သူများတက်ရောက်ကြသည်။

    ရှေးဦးစွာ သင်တန်းသား/သူအားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုခြင်း၊ သရုပ်ပြအဖွဲ့များက  ကရာတေးဒို၊ Fitness Dance ၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများဖြင့် သရုပ်ပြသခြင်းများပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက အားကစားနည်းအလိုက် အားကစားပစ္စည်းများနှင့်  ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

     နွေရာသီအားကစားသင်တန်းများကို မေလ(၂၁)ရက်နေ့မှစတင်၍ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စက်ကက်ဘော၊ မြန်မာ့သိုင်း၊ fitness dance၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို စသည့်အားကစားများကို တိုင်းဒေသကြီးအဆင့်၌ (၁၀)မျိုး၊ ခရိုင်အဆင့်၌(၇)မျိုး၊ မြို့နယ်အဆင့်၌ အနည်းဆုံး(၃)မျိုး (သို့မဟုတ်) (၅)မျိုးဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေမော်ဓောစေတီမြတ်ကြီးသို့ သွားရောက်ဖူးမြော်ကန်တော့ပြီး ရွှေမော်စေတီတော်တွင် ပဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ပဲခူးမြို့နယ် သုံးဂိုဏ်းဝင် ပဌာနဘာဏကသံဃာတော်များအား အချိုပွဲဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။