Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်း‌ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ (၇၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူးတိုင်း‌ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ (၇၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ပဲခူး ဇူလိုင် ၁၉

————————-

       ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၉)ပါးအား  (၇၄)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီး များအား ရည်စူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)ရောဂါ စည်းကမ်းချက်များနှင့်အညီ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ကြသည်။

     ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော် ဩဝါဒါစရိယ၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

      ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ကောင်စီအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ပဲခူးမြို့၊ မြို့မ စာသင်တိုက်ပဓာန နာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။

       ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  အခမ်းအနားကိုရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။