Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတို်ငးဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတို်ငးဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၅

================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်း စပါးနှင့် ဆီထွက်သီးနှံများအား အထွက်နှုန်းကောင်းပြီး ရက်တိုသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး ရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့ စိုက်ပျိုးမည်ဖြစ်၍ မြို့နယ်အလိုက် ဆီစက်မျာအသင့် ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ လယ်မြေများ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် နွေစပါး စိုက်ပျိုး၍ မရသည့် နေရာများတွင် စားဖိုဆောင်သီးနှံအား အစားထိုးစိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ် သရုပ်ပြခြင်းနှင့် သွင်းအားစုများ အချိန်မီရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်(၃)သီး တိုးချဲ့စိုက်ပျိုးမည့် နေရာများတွင် စိုက်ပျိုးသီးနှံအလိုက် အချိန်မီစိုက်ပျိုးရန် လိုအပ်ကြောင်း၊ ပဲခူးမြို့နယ်တွင် သဘာဝမြေဩဇာ ထုတ်လုပ်သည့် စက်ရုံ(၃)ရုံရှိပြီး လိုအပ်လာပါက ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်မြို့နယ် တစ်လ လျှင် ကျေးရွာ(၁၀)ရွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လက်တွေ့သရုပ်ပြသမှု များအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် နွားမွေးမြူသူများနှင့်ချိတ်ဆက်၍ နေဗီယာမြက် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ် အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ မြို့နယ်အလိုက် တင်ပြချက်များနှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။