Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၀

==============

     ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမဆောင်တွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။

     ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း ခံစားရရှိအောင် ဆောင်ရွက်ပေးပြီး ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအတွက်သာမက အနာဂတ်နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ပြန်လည်ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ကလေးသူငယ်တို့အတွက် အကောင်းဆုံး အကျိုးစီးပွားရရှိစေရန် မိဘ၊ ဆရာ၊ ရပ်ရွာ၊ ဌာနဆိုင်ရာများ၊ ရပ်ရွာအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ NGOများနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အကြိုလှုပ်မှု အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသော ကလေးငယ်များအား ဆုလက်ဆောင်ပစ္စည်များပေးအပ်ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

       ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပန်းခြံကုန်းပရဟိတဂေဟာမှ ကျောင်းသားလေးများက ထာဝရမြန်မာသီချင်းဖြင့် လည်းကောင်း၊ ပဲခူးအမှတ်(၁) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ရုံးတော်လွှတ်တော် စုံတွဲသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ကြသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်မှာလည်း ကော်မတီများ ဖွဲ့စည်းထားရှိပြီး ပုံမှန်အစည်း အဝေးကျင်းပခြင်း၊ အသိပညာပေး ဟောပြောပွဲများ/ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေကို မိတ်ဆက်ရှင်းလင်းခြင်းပွဲများအား ကျင်းပပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။