Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ဟံဟာဝတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့တွင် ဟံဟာဝတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇ ရက်
=============

ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေပိုင်းအချိန်က ဟံသာဝတီညဈေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေနှင့် စီးပွားရေးရာ ဝန်ကြီးဦးတင်ဦးတို့က ဟံသာဝတီညဈေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဟံသာဝတီညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှုအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟံသာဝတီညဈေးအား ဈေးဆိုင်ခန်းပေါင်း(၁၆၇)ခန်းဖြင့် နေ့စဉ်ညနေ(၄)နာရီမှ ည(၈:၃၀)နာရီအချိန်ထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ(GRF)နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေစုစုပေါင်း ငွေကျပ်(၄၅၁.၃၅၀)သန်းဖြင့် ဟင်္သာလမ်း အား (၁၂၇၄’×၄၀’×၈”) ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်း၊ Box Culvert တိုးချဲ့တည်ဆောက်ခြင်း၊ အုတ်ရေမြောင်းနှင့် ပလက်ဖောင်းများဆောင်ရွက်ခြင်း၊ မီးတိုင်စိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။