Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူးမြို့တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး နိုဝင်ဘာ ၂၁

============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

       ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ကိုကိုစိတ်ကူးယဉ်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်းကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု့အားပေး ကြသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၂ခုနှစ်၊ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်နှင့် အားကစားပြိုင်ပွဲများ၌ ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှလည်းကောင်း၊ ဒုတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တတိယဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။

       ဆက်လက်၍ အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသည့်ရင်သွေးငယ်လေးများက ဆုပုံပြင်၊ ကဗျာ၊ သီချင်းများဖြင့်လည်းကောင်း၊ ရွှေကျင်မြို့ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ က “မန္တလေးသားနှင့်ရန်ကုန်သူ” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးမြို့ အမှတ်(၁)မူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “မမပုသိမ်သူ”သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြရာ အစိုးရအဖွဲ့တာဝန်ရှိသူများမှ ရင်သွေးငယ်လေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။