Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၁၂

===========================


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ စိန်သာမြ လမ်းသို့ ရောက်ရှိခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား နေအိမ်တစ်ခုချင်းအလိုက် တိုက်ဆိုင် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်း အမှိုက်ကင်းစင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်၊ မြို့ပေါ်ရပ်ကွက်(၃၂၈)ခု၊ ကျေးရွာပေါင်း (၆၅၀၀)ရှိပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) တိုက်ဆိုင်စစ်ဆေးရန် အိမ်ထောင်စု(၁၄၆၄၅၅၈)စုအား ဇန်နဝါရီလ(၉)ရက်နေ့မှစ၍ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့(၂၂၉၁)ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူ လျက်ရှိကာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။