ပဲခူး ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးနှင့် ပဲခူးမြစ်ကမ်းနားတစ်လျောက် သန့်ရှင်းသာယာလှပစေရေး တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့မဈေးအနီး၊ ပဲခူးတံတား အထက်ဘက်အခြမ်းနှင့် အောက်ဘက်ခြမ်း ဝဲယာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေမှုနှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေကြီးရေလျှံမှုမဖြစ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပဲခူးမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းမှ ချောင်းများကိုလည်း ရေတံခါးတပ်ဆင်နိုင်ရေး ကွင်းဆင်းတိုင်းတာတွက်ချက်တင်ပြရန်၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန်၊ ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံကိုလည်း တစ်ပြိုင်တည်း ဆက်လက် ဆောင်ရွက်ရန်နှင့် ပဲခူးမြစ်အတွင်း ရေကြောင်းရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website