Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူးမြို့၌ ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး ဇူလိုင် ၃

===================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုအဆင့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု အဖြစ် ရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သော တောင်ငူမြို့၊ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ ဒေါ်မျိုးသီတာစိုး(နည်းပြ)နှင့် ဒေါ်စိုးနန္ဒာကျော်(နည်းပြ)တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်တို့က ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအား ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်း အသိပညာပေးပြဇာတ်နှင့် လူကုန်ကူးခံရမှုအသိပညာပေးပြဇာတ်တို့အား တင်ဆက်ပြသခဲ့ကြရာ တို်ငးဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးမှ ပြဇာတ်တွင်ပါဝင်သရုပ်ဆောင်ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှု မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုခဲ့ပြီး ပြခန်းအတွင်း ပြသထားသည့် ပဲခူးတို်ငးဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် တောင်ငူမြို့၊ သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

          မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အမျိုးသမီး ရေးရာအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ (Zumba) ဇွန်းဘားအားကစား လှုပ်ရှားမှုများအား ပျော်ပျော်ရွှင်ရွှင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိ သည်။