Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅

=========

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်း ဓမ္မာရုံတော်၌ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

       ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သြဝါဒါစရိယဆရာတော်ကြီးများထံ ဆေးပဌာန်းစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ခဲ့ကြကာ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသီရိန္ဒ မဟာထေရ်မြတ်ထံ မှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။

ထို့နောက် ရတနာသီရိန်ကျောင်းဆရာတော်မှ သမ္မာဒေဝနတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား ဆေးနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူ ပူဇော်ကြပြီး ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ရဟန်း၊ ရှင်၊လူ ပြည်သူအပေါင်း အသက်ရှည်စွာ အနာမရှိကြဘဲ ရောဂါဘေးဘယာများ ဝေးကွာစေခြင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်းများစွာ ရှည်ကြာ တည်တံ့စေနိုင်ရေး မျှော်ရည်မှန်း၍ သံဃာတော်အရှင်သူမြတ်များက ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ ကြောင်း သတင်းရရှိသည်။