Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၅

==============

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ သည် ၁၉၅၉ ခုနှစ်ကတည်းက စတင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ခေတ်ကာအလအညီ ပြန်လည်ရေးဆွဲခဲ့ပြီး ယခု အချိန်မှသာ အာဏာတည်သက်ရောက်ခဲ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခင်ကာလများတွင် ကျင့်သုံးခဲ့ခြင်းမရှိသော်လည်း ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိတာနှင့်အညီ စစ်ပညာသင်ကြားဖို့နဲ့    နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ရှေးယခင်ကာလကတည်းက ထောင်ပြုမြို့၊ ဆယ်ပြုမြို့၊ ရာပြုမြို့စတဲ့ စစ်မှုထမ်းဆောင်နိုင်ရန် မြို့ပြရွာများ တည်ထောင်ဆောင်ရွက်ခဲ့များလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာသည် တပ်မတော်တွင်သာ တာဝန်ရှိတာ မဟုတ်ပါဘဲ နိုင်ငံတစ်ဝန်းလုံးမှာရှိသော ပြည်သူလူထု တစ်ရပ်လုံးမှာ တာဝန်ရှိသည့်အတွက်  ယခု ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  အားလုံးကဂုဏ်ယူ ဝမ်းမြောက်စွာ နဲ့ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးခင်မောင်တင့်က ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ သိကောင်းစရာများအား အခန်းတစ်ခုချင်းအလိုက် အကျယ်တဝင့် ဖတ်ကြားရှင်းလင်းပြောကြား ခဲ့သည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပဲခူးခရိုင်အတွင်းရှိ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

          အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာရှင်းလင်းပွဲများအား ကျန်ရှိသည့် ညောင်လေးပင် ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။