Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ သင်္ကြန်အကြတ်နေ့ အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ

ပဲခူးမြို့၌ သင်္ကြန်အကြတ်နေ့ အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ

ပဲခူး ဧပြီ ၁၅

=================

          ပဲခူးမြို့၌ ဧပြီလ(၁၅)ရက်နေ့၊ မဟာသင်္ကြန်အကြတ်နေ့အား အေးချမ်းတည်ငြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

          ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစား+စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူများမှ လွတ်လပ်စွာ လမ်းလျှောက်သင်္ကြန်အား ဆင်နွှဲလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုရအဖွဲ့၏ တစ်နေကုန် စတုဒီသာ(ထမင်း+ဟင်း)မဏ္ဍပ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများ လာရောက်သုံးဆောင်လျက်ရှိသည့်အပြင် ပဲခူးမြို့နေ ပြည်သူများမှလည်း သနပ်ပင်လမ်း၊ လိပ်ပြာကန်ရှေ့ အုန်းလက်မဏ္ဍပ်များ၊ ရပ်ကွက်အလိုက် လမ်းများပေါ်တွင် စတုဒီသာနှင့် ရေကစား မဏ္ဍပ်ဖြင့် အေးချမ်းစွာ အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်(၂၈)မြို့နယ်တွင် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များဖြင့် ပြည်သူလူထုနှင့်အတူ အေးချမ်း တည်ငြိမ်စွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ ကြောင်း သတင်းရရှိသည်။