Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် အကြောင်းအရင်းများကို စနစ်တကျဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေနိုင်မှာဖြစ် ကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိကလူ့စွမ်းအားအရင်း အမြစ်ဖြစ် သည့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များကို လက်ရုံးရည်သာမက နှလုံးရည်မြင့်မားအောင်၊ သဘာဝဘေးအသိပညာနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်မြင့်မားအောင် လေ့ကျင့်မွေးထုတ်ကြရမှာဖြစ် ကြောင်း၊ အနာဂတ်ကာလတွင် မညီမျှမှုများ၊ ကွာဟမှုများ၊ လျော့နည်းပပျောက်ပြီး သဘာဝဘေးဒဏ် ခံနိုင်စွမ်းမြင့်မားသည့် လူမှုပတ်ဝန်းကျင်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အခြေခံအဆောက်အအုံများ ဖြင့် မျှော်မှန်းထားသော သဘာဝဘေးထိခိုက်မှု လျော့ပါးရေးရည်မှန်းချက်ကို အောင်မြင်နိုင်မှာဖြစ် ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရေမြေသဘာဝအရင်းအမြစ် အတွ့အကြုံပေါ် အခြေခံကာ ခေတ် နှင့်အညီ တိုးတက်နေသော နည်းပညာများဖြင့် မျက်ခြေမပြတ်လေ့လာအသုံးချနိုင်မှသာ ထိခိုက်ဆုံးရှုံး နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝများကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR ၏ အကြီးအကဲ Mr. Karmal Kishore ၏ သဝဏ်လွှာသတင်းစကားရုံးသံအား ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး လှုပ်ရှားမှု မှတ်တမ်း၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး တေးသရုပ်ဖော်တို့အား ကြည့်ရှု အားပေးခဲ့ကြပြီး ဆုရကျောင်းသူ/သားများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။