Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၃

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူတိုင်း သက်ရှည်ကျန်းမာ ပြီး ရောဂါဘယကင်းရှင်းရေးအတွက် အာဟာရပြည့်ဝမျှတဖို့သည် အဓိကအခြေခံကျသည့် လိုအပ်ချက် ဖြစ်ကြောင်း၊ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးပြဿနာ အတော်များများ၏ အခြေခံအကြောင်း အရင်းဖြစ်ပြီ လူတိုင်း အာဟာရပြည့်ဝမျှတမှသာ သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်သွားနိုင်မှာဖြစ် ကြောင်း၊ ဩဂုတ်လအတွင်း “မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး”၊ “ငါးနှစ်အောက်ကလေးများနှင့် ကျောင်း သားလူငယ်များ အာဟာရဖွံ့ဖြိုးရေး”၊ “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး”နှင့် “အိုင် အိုဒင်းချို့တဲ့မှု ပပျောက်ရေး”တို့ကို အလေးထား ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကျောင်းနေရွယ်ကလေးများရဲ့ ကျန်းမာရေးသည် အလွန်အရေး ကြီးသဖြင့် ကျောင်းကျန်းမာရေး နှင့်ပတ်သက်၍ ကျောင်းအခြေပြု “ကျန်းမာရေးအသိပညာ မြှင့်တင် ပေးခြင်း”၊ “ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာ အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း”၊ “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှမ်နင်းခြင်း”၊ “မျက်စိကျန်းမာရေးစောင့်ရှောက်ပေးခြင်း”၊ “သွားနှင့်ခံတွင်း စောင့်ရှောက်ပေးခြင်း”၊ “သန်ချဆေးနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း”တို့အား တစ်နှစ်ပတ်လုံး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်တဲ့ အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရေး အခြေခံကျပြီး အရေးပါသည့် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်ဆုရ ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က ကျောင်း ကျန်းမာရေးသတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အလယ်တန်းအဆင့်ဆုရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

       ယင်းနောက် မူလတန်းကျောင်းသား/ကျောင်းသူလေးများက “စိတ်လှဖို့လိုတယ်” သီချင်းဖြင့် တေး သရုပ်ဖော်တင်ဆက်ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ (Video clip)အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှု ခဲ့ကြပြီး အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ပေးအပ်ကြကြောင်း သတင်းရရှိသည်။