Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၈

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးလျော့ချရေး ကမ္ဘာ့မူဘောင်ဖြစ်တဲ့ ဆန်ဒိုင်းမူဘောင်အရ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်တွေကနေ ကြံ့ကြံ့ခံ နိုင်တဲ့ လူမှုအသိုင်းအဝန်းဖြစ်ရန်နှင့် ဘေးဒဏ်ခံနိုင်ရည်စွမ်း မြင့်မားတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ကြရန်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မညီမျှမှုတွေ မရှိစေဖို့က အလွန်ပင်အဓိကကျတာကြောင့် ယခု ၂၀၂၃ ခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်ကို “ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ကြီးမားပြင်းထန်တဲ့ သဘာဝဘေးများ ဖြစ်ပွားလျက်ရှိသလို ပဲခူးမြို့နယ် တွင် အောက်တိုဘာလ ပထမပတ်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေကြီးနစ်မြှုပ် မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန် ဖြင့် ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ပဲခူးမြို့ ရေးဘေးဖြစ်ပွားမှုအပေါ် ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက် ခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပဲခူးမြို့၊ ရေဘေးကယ်ဆယ်ရေး လုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့(၁၇)ဖွဲ့တို့အား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းနှင့် စားသုံးကုန်များကိုလည်းကောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက် က နေအိမ်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေး ပစ္စည်း(၁၇)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ပဲခူးမြို့ ရေကြီးနစ်မြှုပ်မှုကြောင့် အိမ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှံးခဲ့ရသည့် ရပ်ကွက် (၁၄)ခုမှ အိမ်ထောင်စု(၅၂၆)စုအတွက် မီးဖိုချောင်သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ Video Message နှင့် မိုခါမုန်တိုင်း တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်း ဗွီဒီယိုအား ကြည့်ရှုခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ ကြသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပဲခူးမြို့၊ ရေဘေးနစ်မြှုပ်မှုပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး မြန်မာကျဲကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ အိမ်ထောင်စု(၅၀၀) အတွက် ငွေကျပ်သိန်း(၂၁၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်တို့ကိုလည်းကောင်း၊ ပဲခူးမြို့၊ Brothers စက်သုံးဆီရောင်းဝယ်ရေးမိသားစုမှ ငွေကျပ်သိန်း(၁၅၀)အားလည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။