Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၈

===============

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်ရည်တို့နှင့် အမျိုးသားများ၏ လူသားအကျိုးပြုမှုတွေကို အသိ အမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ရှိသော မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလျက်ရှိပြီး အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ပါဝင်နိုင်မှု အခွင့်အလမ်းများကို တန်းတူညီမျှ ဖော်ဆောင်ပေးလျက်ရှိ ကြောင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအတွက် (၂၄)နာရီ Help Line သို့ သတင်းပို့တိုင်ကြားမှုစနစ်အပြင် ၂၀၂၂ ခုနှစ်မှစ၍ မည်သည့်ဖုန်းဖြင့်မဆို ၁၅၆၆ သို့ အခမဲ့ သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆိုသည့်အတိုင်း အရှိန်အဟုန်ဖြင့် တိုးတက်မှု ရယူလိုပါက အမျိုးသမီးကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာတန်ရှိသူများ၊ NGO များက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော သမိုင်းမှတ်တိုင်များ Video Clip နှင့် ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် မူကြိုသမီးငယ်လေးများက အကပဒေသာဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြရာ ပဲခူးတိုင်း ဒေသကြီးဒေသကြီး အမျိုးသမီးရေရာအဖွဲ့၊ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။