Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး နိုဝင်ဘာ ၇

==================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်းက (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့်ဌာနတစ်ခုဖြစ်ကာ နိုင်ငံတော်၏ သစ္စာကိုစောင့်သိလျက် အစိုးရ၏ မူဝါဒများကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကြိုးပမ်းထမ်းဆောင်သွားရမှာဖြစ်ပြီး ရည်မှန်းတာဝန်များကိုလည်း အထူးအလေး အနက်ထား လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးကို ရှေ့ရှု၍ နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရမှာ ဖြစ်ကာ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပေးအပ်လာသည့် တာဝန်များကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်သွားရန်နှင့် အရည်အသွေးထက်မြတ်သော အုပ်ချုပ်ရေးဝန်ထမ်းများဖြစ်အောင် ကြိုးစားသွား ကြရန်နှင့် နိုင်ငံဝန်ထမ်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အလေးထားလိုက်နာ ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မေတ္တာ တရားလက်ကိုင်ထားပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော ဝန်ထမ်း ကောင်းများဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ နှစ်ပတ်လည်နေ့အတွက် ငွေကျပ်(၁၇၀၃၆၀၀ဝိ/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်က လက်ခံရယူခဲ့ပြီး နှစ်ပတ်လည်နေ့ အမှတ်တရလက်ဆောင် ပြန်လည် ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မှတ်တမ်း Video Clip နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် မှတ်တမ်း Video Clip တို့အား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် နိုင်ငံဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်တို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)