Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၇
=============

ပဲခူးမြို့၊ ညောင်ဝိုင်းမြောက်ပိုင်းရပ်ကွက် ကုန်စိမ်းသားငါးပျံကျဈေး‌ရုံနေရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းအချိန်က ကုန်စိမ်းသားငါး ပျံကျဈေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအား ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးဆွေနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် MJT Co,Ltd မှ ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း အသုံးပြုနိုင်ရန်အတွက် အမှိုက်ပုံး(၇၀)ပုံးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ ကုန်စိမ်းသားငါးပျံကျဈေးရုံအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၂၆၄.၁၅၀)သန်းဖြင့် Steel Structureအမျိုးအစား (၁၀၀’×၂၅’)ရှိ ပျံကျဈေးရုံ(၆)ရုံ၊ (၅၀’×၂၅’)ရှိ ပျံကျဈေးရုံ(၂)ရုံ စုစုပေါင်းဈေး ရုံ(၈)ရုံ တည်ဆောက်ခဲ့ပြီး ဈေးရုံများအတွင်း၌ (၇’.၆”×၅’)ရှိဈေးဆိုင်ခန်း(၃၄၈)ခန်း၊ (၅’×၅’)ရှိဈေးဆိုင်ခန်း(၃၂)ခန်း ပေါင်း(၄၁၆)ခန်း ပါဝင်ကြောင်း သတင်းရရှိသည်။