Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၅

===============

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၁၅) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်ကြည်ညိုခဲ့သည်။

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ဧပြီလ(၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တန်ခူးလဆန်း (၁၄)ရက်၊ ဧပြီလ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ခြင်း ပြုလုပ်ခဲ့သည့်အပြင် တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က လည်း ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း ပြုလုပ်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။

ယနေ့ ဧပြီလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်တွင် ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀) အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ပဲခူးမြို့နယ်အတွင်း ကျောင်းတိုက် အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်နှင့် လှူဘွယ်ဝထ္တုပစ္စည်းများ လောင်းလှူ ပူဇော်ကြကြောင်း သတင်းရရှိသည်။