Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၁

============

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

       ရှေးဦးစွာ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အလယ်ပစ္စယံ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ် ကျောင်းတိုက်အသီးသီးရှိ ပင့်သံဃာအပါး(၁၀၀၀)တို့မှ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အလှူရှင်များမှ သံဃာအပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယ၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

      ထို့နောက် လှူဒါန်းမှုအစုစုအတွက် ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ သံဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်သော ပဲခူးမြို့၊ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအထွဋ်တွင် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ်လ(၅)ရက်နေ့ တွင် ရွှေထီးတော်ဘုံအဆင့်များလည်းကောင်း၊ တန်ခူးလပြည့်နေ့ ဧပြီလ(၄)ရက်နေ့တွင် ရတနာစိန်ဖူးတော် နှင့် ရတနာငှက်မြတ်နားတော်တို့အားလည်းကောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များမှ အောင်မြင်စွာ တင်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။